ကိုရီးယားမင်းသား/အဆိုတော်ရိန်းသည် အာရှတိုက်ကိုကျော်ဖြတ်၍ ကမ္ဘာကိုလွှမ်းမည့် အနုပညာရှင်အဖြစ် သုံးသပ်ခြင်းခံရသူဖြစ်သည်။ သူ၏အမည်ရင်းမှာ ဂျန်ဂျင်ဟွန်းဖြစ်သည်။ မွေးနေ့မှာ ၁၉၈၂ ခုနှစ်၊ ဇွန်လ(၂၅) ရက်နေ့ဖြစ်သည်။ သူ၏မူလအနုပညာအမည်မှာ Bi ဖြစ်သည်။ Bi ဟူသည့်ကိုရီးယားအမည်သည် မိုးဟုအဓိပ္ပါယ် ရသည့်အတွက် နောက်ပိုင်းတွင် Rain ဟူသည့်အမည်ကို တွဲဖက်သုံးစွဲခဲ့သည်။ ရိန်းသည် Kyung Hee University ကျောင်းမှ ပိုစ့်မော်ဒန်မြူးဇစ်ဘာသာဖြင့် ဘွဲ့ရခဲ့ပြီးဖြစ်သည်။
သူ၏အနုပညာခရီးလမ်းအစသည် အခြားကိုရီးယား သရုပ်ဆောင်အဆိုတော်များထက် ကြမ်းတမ်းခဲ့လေသည်။ သူသည် အဆိုတော်ပက်ဂျီယွန်း၏ဖျော်ဖြေပွဲများတွင် နောက်ခံအကအဖွဲ့သားတစ်ယောက်အနေဖြင့် ပါဝင်ခဲ့သည်။ သူ၏အနုပညာ အစွမ်းအစကို ပတ်နှင့်သူ၏အေဂျင်စီ JYP Entertainment တို့က ရိပ်စားမိခဲ့သဖြင့် ၂၀၀၂ ခုနှစ်တွင် ၄င်းတို့၏ကူညီစောင် မမှုများဖြင့် Bad Guy အမည်ရှိ သူ၏တစ်ကိုယ်တော်တေးအယ်လ်ဘမ်ကို ဖြန့်ချီနိုင်ခဲ့သည်။ ယင်းအယ်လ်ဘမ်ဖြင့်ပင် နာမည်ရခဲ့ပြီး [ Read More ]
ထူးအိမ်သင်သည် ကျော်ကြားသော အဆိုတော်တေးရေးဆရာတစ်ယောက်ဖြစ်သည်။ အဘဦးထွန်းမြင့်နှင့် အမိဒေါ်မြရင် တို့မှ၁၉၆၃ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့တွင် ပုသိမ်မြို့တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ကျော်မြင့်လွင်ဖြစ်ပြီး သျှပ်၊ ဘဲဥ၊ ငှက်ကြီးစသည်ဖြင့် ချစ်စနိုးခေါ်ဝေါကြသည်။ ထူးအိမ်သင်၏ဇနီးမှာ မသွယ်သွယ်ထွေးဖြစ်ပြီး သူ၏တစ်ဦးတည်းသော သမီးအမည်မှာ မိကွန်ထောဖြစ်သည်။ အ.မ.က (၂၀) ပုသိမ်တွင်မူလတန်းပညာကို သင်ကြားခဲ့ပြီး အ.ထ.က(၃) ပုသိမ်မှ အထက်တန်းအောင်မြင်ခဲ့သည်။ ၁၉၇၉-၈၀ ခုနှစ်များတွင် ဧရာဝတီတိုင်းရှိ ပုသိမ်ဒေသကောလိပ်သို့တက်ရောက်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင်မိသားစုနှင့်အတူ မော်လမြိုင်သို့ပြောင်းရွေ့ခဲ့ပြီးနောက် မော်လမြိုင်တက္ကသိုလ်မှ ရုက္ခဗေဒအထူးပြုဖြင့် သိပံ္ပဘွဲ့ရရှိခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် နာရီပေါ်ကမျက်ရည်စက်များစီးရီးဖြင့် ဂီတလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ ထူးအိမ်သင်သည် ကိုယ်ပိုင်သံစဉ်သီချင်းအများစုကို ရေးသားသီကုံးခဲ့ပြီး ဂီတပညာရှင်တစ်ဦးဖြစ်ရန် ကြိုပမ်းအားထုတ်ခဲ့ သည်။ ထူးအိမ်သင်၏
အခြားတစ်ကိုယ်တော် တေးစီးရီးများမှာ မှော်ဆရာအိမ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ [ Read More ]